မကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး
မကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး
၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၂။ ပညာရှိနှင့် လူမိုက်တို့၏ လက္ခဏာကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၃။ ဖြစ်ပေါ် လာသော ကာမဝိတက် စသည်ကို မစွန့်ပယ် မဖျောက်ဖျက်တတ်ခြင်း၊
၄။ စက္ခုနြေ္ဒ အစ မနိနြေ္ဒအဆုံးရှိသော ဣနြေ္ဒခြောက်ပါးတို့ကို မစောင့်စည်းတတ်ခြင်း၊
၅။ ကြားနာသင်ယူ ပြီးတိုင်းသော တရားတို့ကို သူတစ်ပါးတို့အား အကျယ် မဟောတတ်ခြင်း၊
၆။ အကြားအမြင်များ ကုန်သော သုတ် ဝိနည်း အဘိဓမ္မာကို ဆောင်ကုန်သော ရဟန်းတို့ထံ ချဉ်းကပ်၍ ယုံမှားမှုကို မပယ်ဖျောက်တတ်ခြင်း, မမေးမြန်းတတ်ခြင်း၊
၇။ ဘုရားရှင် ဟောကြားအပ်သော သုတ် ဝိနည်း အဘိဓမ္မာတို့၏ ပါဠိအနက်ကို မသိ နားမလည်သဖြင့် ဝမ်းမြောက်နှစ်သက်မှုကို မရခြင်း၊
၈။ အင်္ဂါရှစ်ပါးရှိသော အဋ္ဌင်္ဂိကမဂ်ကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၉။ သတိပဋ္ဌာန် လေးပါးကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၁၀။ သဒ္ဓါတရားရှိကုန်သော ဒကာတို့၏ ပစ္စည်းလေးပါးတို့ကို အတိုင်းအရှည်မသိဘဲ ခံယူခြင်း၊
၁၁။ သံဃာ့မိဘ သံဃာ့ရှေ့ဆောင် သက်တော်ရှည် မထေရ်ကြီး တို့၌ ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာကို ရှေးရှု မတည်စေခြင်း။
(အံ၊၃။၅၄၇။)
(အံ၊မြန်၊၃။၅၃၄။)
၁။ မဟာဘုတ္႐ုပ္, ဥပါဒါ႐ုပ္တို႔ကို ဟုတ္တိုင္းမွန္စြာ မသိျခင္း၊
၂။ ပညာရွိႏွင့္ လူမိုက္တို႔၏ လကၡဏာကို ဟုတ္တိုင္းမွန္စြာ မသိျခင္း၊
၃။ ျဖစ္ေပၚ လာေသာ ကာမဝိတက္ စသည္ကို မစြန္႔ပယ္ မေဖ်ာက္ဖ်က္တတ္ျခင္း၊
၄။ စကၡဳေႁႏၵ အစ မနိေႁႏၵအဆံုးရွိေသာ ဣေႁႏၵေျခာက္ပါးတို႔ကို မေစာင့္စည္းတတ္ျခင္း၊
၅။ ၾကားနာသင္ယူ ၿပီးတိုင္းေသာ တရားတို႔ကို သူတစ္ပါးတို႔အား အက်ယ္ မေဟာတတ္ျခင္း၊
၆။ အၾကားအျမင္မ်ား ကုန္ေသာ သုတ္ ဝိနည္း အဘိဓမၼာကို ေဆာင္ကုန္ေသာ ရဟန္းတို႔ထံ ခ်ဥ္းကပ္၍ ယံုမွားမႈကို မပယ္ေဖ်ာက္တတ္ျခင္း, မေမးျမန္းတတ္ျခင္း၊
၇။ ဘုရားရွင္ ေဟာၾကားအပ္ေသာ သုတ္ ဝိနည္း အဘိဓမၼာတို႔၏ ပါဠိအနက္ကို မသိ နားမလည္သျဖင့္ ဝမ္းေျမာက္ႏွစ္သက္မႈကို မရျခင္း၊
၈။ အဂၤါရွစ္ပါးရွိေသာ အ႒ဂႋကမဂ္ကို ဟုတ္တိုင္းမွန္စြာ မသိျခင္း၊
၉။ သတိပ႒ာန္ ေလးပါးကို ဟုတ္တိုင္းမွန္စြာ မသိျခင္း၊
၁၀။ သဒၶါတရားရွိကုန္ေသာ ဒကာတို႔၏ ပစၥည္းေလးပါးတို႔ကို အတိုင္းအရွည္မသိဘဲ ခံယူျခင္း၊
၁၁။ သံဃာ့မိဘ သံဃာ့ေရွ႕ေဆာင္ သက္ေတာ္ရွည္ မေထရ္ႀကီး တို႔၌ ကာယကံေမတၱာ ဝစီကံေမတၱာ မေနာကံေမတၱာကို ေရွး႐ႈ မတည္ေစျခင္း။
(အံ၊၃။၅၄၇။)
(အံ၊ျမန္၊၃။၅၃၄။)
,####
Comments
Post a Comment