ကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး
ကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး
၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၂။ ပညာရှိနှင့် လူမိုက်တို့၏ ကုသိုလ်ကံ, အကုသိုလ်ကံ ဟူသော လက္ခဏာကို သိခြင်း၊
၃။ ဖြစ်ပေါ်လာသော ကာမဝိတက် စသည်တို့ကို စွန့့်ပယ် ဖျောက်ဖျက်တတ်ခြင်း၊
၄။ စက္ခုနြေ္ဒ အစ မနိနြေ္ဒအဆုံးရှိသော ဣနြေ္ဒခြောက်ပါးတို့ကို စောင့်စည်းတတ်ခြင်း၊
၅။ ကြားနာ သင်ယူပြီးသော တရားတို့ကို သူတစ်ပါးတို့အား အကျယ် ဟောပြောတတ်ခြင်း၊
၆။ အကြား အမြင်များကုန်သော သုတ် ဝိနည်း အဘိဓမ္မာဆောင် ရဟန်းတို့ထံ ချဉ်းကပ်၍ ယုံမှားမှုကို ပယ်ဖျောက်တတ်ခြင်း, မေးမြန်းတတ်ခြင်း၊
၇။ ဘုရားရှင် ဟောကြားအပ်သော သုတ် ဝိနည်း အဘိဓမ္မာတို့၏ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ပြီး နှစ်သက် ဝမ်းမြောက်မှုကို ရခြင်း၊
၈။ မြတ်သော အဋ္ဌင်္ဂိကမဂ်ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၉။ သတိပဋ္ဌာန်လေးပါးကို ဟုတ်တိုင်း မှန်စွာ သိခြင်း၊
၁၀။ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော ဒကာတို့၏ ပစ္စည်းလေးပါးတို့ကို အတိုင်းအရှည်ကို သိလျက် ခံယူခြင်း၊
၁၁။ သံဃာ့မိဘ သံဃာ့ရှေ့ဆောင် သက်တော်ရှည် မထေရ်ကြီးတို့၌ ကာယကံမေတ္တာ, ဝစီကံမေတ္တာ မနောကံမေတ္တာကို ရှေးရှုတည်စေခြင်း။
(အံ၊၃။၅၄၉။)
(အံ၊မြန်၊၃။၅၃၆။)
၁။ မဟာဘုတ္႐ုပ္, ဥပါဒါ႐ုပ္တို႔ကို ဟုတ္တိုင္းမွန္စြာ သိျခင္း၊
၂။ ပညာရွိႏွင့္ လူမိုက္တို႔၏ ကုသိုလ္ကံ, အကုသိုလ္ကံ ဟူေသာ လကၡဏာကို သိျခင္း၊
၃။ ျဖစ္ေပၚလာေသာ ကာမဝိတက္ စသည္တို႔ကို စြန္႔႔ပယ္ ေဖ်ာက္ဖ်က္တတ္ျခင္း၊
၄။ စကၡဳေႁႏၵ အစ မနိေႁႏၵအဆံုးရွိေသာ ဣေႁႏၵေျခာက္ပါးတို႔ကို ေစာင့္စည္းတတ္ျခင္း၊
၅။ ၾကားနာ သင္ယူၿပီးေသာ တရားတို႔ကို သူတစ္ပါးတို႔အား အက်ယ္ ေဟာေျပာတတ္ျခင္း၊
၆။ အၾကား အျမင္မ်ားကုန္ေသာ သုတ္ ဝိနည္း အဘိဓမၼာေဆာင္ ရဟန္းတို႔ထံ ခ်ဥ္းကပ္၍ ယံုမွားမႈကို ပယ္ေဖ်ာက္တတ္ျခင္း, ေမးျမန္းတတ္ျခင္း၊
၇။ ဘုရားရွင္ ေဟာၾကားအပ္ေသာ သုတ္ ဝိနည္း အဘိဓမၼာတို႔၏ အနက္အဓိပၸာယ္ကို သိရွိနားလည္ၿပီး ႏွစ္သက္ ဝမ္းေျမာက္မႈကို ရျခင္း၊
၈။ ျမတ္ေသာ အ႒ဂႋကမဂ္ကို ဟုတ္တိုင္းမွန္စြာ သိျခင္း၊
၉။ သတိပ႒ာန္ေလးပါးကို ဟုတ္တိုင္း မွန္စြာ သိျခင္း၊
၁၀။ သဒၶါတရားႏွင့္ ျပည့္စံုကုန္ေသာ ဒကာတို႔၏ ပစၥည္းေလးပါးတို႔ကို အတိုင္းအရွည္ကို သိလ်က္ ခံယူျခင္း၊
၁၁။ သံဃာ့မိဘ သံဃာ့ေရွ႕ေဆာင္ သက္ေတာ္ရွည္ မေထရ္ႀကီးတို႔၌ ကာယကံေမတၱာ, ဝစီကံေမတၱာ မေနာကံေမတၱာကို ေရွး႐ႈတည္ေစျခင္း။
(အံ၊၃။၅၄၉။)
(အံ၊ျမန္၊၃။၅၃၆။)
Comments
Post a Comment